ဘင်ဇီမာရဲ့ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့ ဆယ်လ်တာဗီဂိုကို အနိုင်ရပြီး ရီးယဲလ်မက်ဒရစ်အသင်း လာလီဂါဇယားထိပ်၌ ဆက်လက်ဦးဆောင်နိုင်ခဲ့

ဆယ်လ်တာဗီဂိုအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ၃၀ မှာ ရီးယဲလ် မက်ဒရစ်အသင်းကတိုက်စစ်မှူးဘင်ဇီမာ ရဲ့ ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါအမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ခွင့်ရရှိခဲ့ပါ တယ်။

အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို တိုက်စစ်မှူး ဘင်ဇီမာက ပွဲကစားချိန် ၁၉ မိနစ်နဲ့ ၆၉ မိနစ်တို့မှာ ရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုး နှစ်ဂိုးနဲ့ ဆယ်လ်တာဗီဂိုအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆယ်လ်တာဗီဂို အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၅ မိနစ်မှာ နိုလီတိုကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ အခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲအရပ်ရပ်စုစုပေါင်း သွင်းဂိုး ၃၄ ဂိုး အထိရှိလာခဲ့ပြီး စပိန်လာလီဂါသွင်းဂိုး စုစုပေါင်း ၂၄ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဆယ်လ်တာဗီဂိုအသင်းကို အနိုင်ရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကတော့ အမှတ်ပေးဇယား ဒုတိယ နေရာက ဆီဗီလာအသင်းကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခြားသော စပိန်လာလီဂါပွဲစဉ်တွေမှာတော့ ဂီတာဖေးအသင်း ကမာယော့ကာအသင်းကိုတစ်ဂိုး-ဂိုးမရှိ၊ လီဗန်တေး အသင်းက ဗီလာရီးယဲလ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အက်သလက်တီကိုမက်ဒရစ်အသင်းက အလာဗက်စ် အသင်းကို လေးဂိုး-တစ်ဂိုး စသဖြင့် အသီးသီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်