ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၅၀,၀၀၀ ကျော်ရှိသွားကြောင်း ထုတ်ပြန်

၁၁ အောက်တိုဘာ

 

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၅၀,၀၀၀ ကျော်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်း နည်းသွားကြောင်း ဝန်းကြီးဌာနက ပြောပါတယ်။

 

လက်တင်အမေရိကနဲ့ ကရစ်ဘီယန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူစက်ခံရသူ ၁၀ သန်းကျော်ရှိပြီး သေဆုံးသူ ၃၆၀,၀၀၀ ဦး ရှိကြောင်း စနေနေ့ ထုတ်ပြန်ချက်စရင်းအရ သိရပါတယ်။

 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၅၀,၁၉၈ ဦးနဲ့ ပိုးတွေ့သူ အရေအတွက် ၅,၀၈၂,၆၃၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဖြစ်ပြီး သေဆုံး ၂၁၉,၂၈၂ ဦးရှိပါတယ်။  ဘရာဇီးနိုင်ငံက သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။  ပိုးတွေ့သူ ပမာဏမှာတော့ အမေရိကန် နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့နောက်မှာ ရှိတဲ့အတွက် တတိယအများဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။

 

လက်တင်အမေရိကနိုင်ငံတွေ ထဲမှာ ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးအများဆုံး တွေ့ရှိတဲ့ နိုင်ငံ ဖြစ်ပြီး ကိုလံဘီယာ၊ အာဂျင်တီးနားနဲ့ ပီရူးနိုင်ငံတွေဟာ အစဉ်လိုက် ပိုးတွေ့များနိုင်ငံတွေအဖြစ် ဘရာဇီးနောက်မှာ ရှိနေပါတယ်။

 

လက်တင်အမေရိကရဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ ဘရာဇီးနိုင်ငံနောက်မှာ မက္ကဆီကိုနိုင်ငံရှိနေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား- AFP