ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်သေဆုံးသူပေါင်း ၆၅ဝဝဝဝ ရှိလာ

ရီယိုဒီဂျနေးရိုး မတ် ၄

 

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော တစ်ရက်အတွင်းကို ဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၇၀ ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၅၀၀၀၀ အထိ မြင့်တက်လာပြီဖြစ်ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။

 

အလားတူ လွန်ခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၉၉၅ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၂၈၈၄၂၁၆၀ အထိ မြင့်တက်လာပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ပြည်သူတစ်သိန်းလျှင် သေဆုံးသူ ၃၀၉ ဦးရှိကြောင်းနှင့် ရောဂါကူးစက်ခံရသူ ၁၃၇၂၅ ဦးရှိကြောင်း စစ်တမ်းများအရ သိရသည်။

 

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် အမေရိကန် နိုင်ငံပြီးနောက် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

 

နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို အရှိန်မြှင့် ဦးစားပေး လုပ်ဆောင်လျက်ရှိရာ လွန်ခဲ့သော နှစ်ဝက်ကာလတွင် ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများကို လျှော့ချနိုင်ခဲ့သည်။ သို့သော် ဗီဇပြောင်း ဗိုင်းရပ်စ် အိုမီခရွန်ကူးစက်မှုသည် နိုင်ငံအတွင်း ဆက်လက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်