ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ လေးဦးပျောက်ဆုံးနေ၊ ငါးဦး သေဆုံး

မတ် ၂၂

 

ဘရာဇီးနိုင်ငံ ပီထရိုပိုလစ်မြို့ အရှေ့တောင်ဘက် ရီယိုဒီဂျနေးရိုပြည်နယ်တွင် တနင်္ဂနွေနေ့က မိုးသည်းထန်စွာရွာသွန်းသဖြင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္ဂနွေနေ့ညပိုင်းက ရွှံ့မြေများပြိုကျခြင်း၊ ရေကြီးခြင်းများဖြစ်ပွားခဲ့ပြီး တနင်္လာနေ့အထိ မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ပြီးခဲ့သည့်တစ်လကျော်က ပီထရိုပိုလစ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ရီယိုဒီဂျနေးရိုမှ ကီလိုမီတာ ၁၀၀ အကွာခန့် တောင်ထူထပ်သောဒေသတွင် လူ ၂၃၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးလျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို