ဘရာဇီးနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၀၂၅ ဦး ထပ်မံသေဆုံး

ဇွန် ၂၁

 

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၀၂၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၅၀၁၈၂၅ အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

 

ယမန်နေ့က ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၄၄၁၇၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရသူပေါင်း ၁၇၉၂၇၉၂၈ အထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် ကမ္ဘာနိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံးနိုင်ငံဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် ဘရာဇီးနိုင်ငံသည် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၄ ဒသမ ၂ သန်းကျော်ရှိပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၈၇ ဒသမ ၄ သန်းကျော် ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို