ဘရာဇီးနိုင်ငံရှိ စာသင်ကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

အောက်တိုဘာ ၂၄

ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တွင် ယမန်နေ့က ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦး၏ပစ်ခတ်မှုကြောင့် ကျောင်းသား တစ်ဦးသေဆုံးခဲ့ပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။

အဆိုပါပစ်ခတ်မှုသည် ဆော်ပိုလိုမြို့၏အရှေ့ပိုင်းရှိ စာသင်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆော်ပိုလိုပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသေနတ်သမားသည် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ၎င်းကိုဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦး ခေါင်းထိမှန်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူသုံးဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆော်ပိုလိုအစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသေဆုံးသူများ၏ မိသားစုဝင်များအား မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ဝမ်းနည်းစကား ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို