ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၄၉၄ ဦးရှိရာ သီတင်းပတ် ၁၂ ပတ်အတွင်း သေဆုံးမှု အနည်းဆုံးနေ့ဖြစ်

၂၄ ဩဂုတ်

 

 

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၄၉၄ ဦး ထပ်မံသေဆုံးခဲ့ရာ မေ ၃၁ ရက်နေ့နောက်ပိုင်း သေဆုံးမှု အနည်းဆုံး နေ့တစ်နေ့ ဖြစ်လာသည်ဟု သတင်းထုတ်ပြန်ထားသည်။

 

 

ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ ယင်းကူးစက်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၄၇၄၄ ဦး ရှိသည်ဟု သိရသည်။

 

 

တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၃၄၂၁ ဦး ရှိပြီး ကူးစက်မှု စုစုပေါင်း ၃၆၀၅၇၈၃ ဦး ရှိသည်။

 

 

ဘရာဇီးနိုင်ငံတွင် ဆော်ပိုလိုပြည်နယ်သည် လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ကူးစက်မှု ဖြစ်ပွားရာ ဗဟိုချက် ဖြစ်သည်။ ထိုပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၄၁၂၉ ဦး ရှိပြီး ၎င်းရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၈၄၆၇ ဦး ရှိသည်။

 

 

ဆော်ပိုလိုပြည်နယ်ပြီးနောက်တွင် ရီယိုဒီဂျနေးရိုး ပြည်နယ်တွင် ကူးစက်ခံရသူ ၂၁၀၉၄၈ ဦး ရှိပြီး ထိုကူးစက်ခံရမှုကြောင့် ၁၅၂၉၂ ဦး သေဆုံးသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှင့် သေဆုံးမှုတို့တွင် ဘရာဇီးနိုင်ငံသည် အမေရိကန် ပြည်ထောင်စုပြီးလျှင် ဒုတိယနေရာတွင် ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို