ဘရိုက်တန်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် မန်စီးတီးအသင်း အနိုင်ရ တိုက်စစ်ပိုင်းက နောက်ဆုံး ကစားခဲ့တဲ့သုံးပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ အောက်တိုဘာ ၂၃ ရက်(စနေနေ့ည)နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်စီးတီးအသင်း တို့ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်း တိုက်စစ်ပိုင်းဟာ နောက်ဆုံးကစား ခဲ့တဲ့သုံးပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီး အသင်းဟာ ပွဲကစားချိန် ၁၃ မိနစ်မှာ ဂန်ဒိုဂန်ရဲ့ သွင်းဂိုးနဲ့ ပွဲကစား ချိန် ၂၈ မိနစ်နဲ့ ၃၁ မိနစ်မှာ ဖီးလ်ဖိုဒန်ရဲ့ သွင်းဂိုးတွေ ရရှိခဲ့တာကြောင့် ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ သုံးဂိုးပြတ်နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်လည်ရရှိ ပြုလုပ်လာခဲ့တာကြောင့် ဘရိုက်တန် အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို မန်စီးတီးအသင်း အတော်လေးထိန်းရခက်ခဲ့သလို လီအန်ဒရို ထရော့ ဆော့ဒ်နဲ့ ပက်စကယ်ဂရော့စ်တို့ရဲ့ ဂိုးရရှိရေးကြိုးပမ်းမှုတွေကိုလည်း မန်စီးတီးအသင်းဂိုးသမား အီဒါဆန် အကောင်းဆုံးကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။

အနိုင်ရရှိ ဒါ့ပြင် ပွဲကစားချိန် ၈၁ မိနစ်မှာ မန်စီးတီးဂိုးသမား အီဒါဆန် ကြမ်းတမ်းစွာကစားခဲ့တာကြောင့် ဘရိုက်တန်အသင်း ပင်နယ်တီ ပြစ်ဒဏ်ဘောရရှိခဲ့ကာ ချေပဂိုးတစ်ဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဟာ လူစားဝင်ကစားသမား မာရက်ဇ်ရဲ့ နာကျင်အချိန်ပိုအတွင်းမှာ သွင်းဂိုးထပ်မံရရှိ ခဲ့တာကြောင့် ဘရိုက်တန်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၉) ယှဉ်ပြိုင် ကစားအပြီးမှာ ရမှတ် ၂၀ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို ယာယီတက်လှမ်းခွင့်ရရှိခဲ့ပြီး ဘရိုက်တန်အသင်းကလည်း ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ယာယီရပ်တည်ခွင့် ရရှိထားတာဖြစ်ပါတယ်။

ငွေကြယ်