ဘုတလင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက် ပိုများ

ဘုတလင်    ၁၆   မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူဦးရေ ယခင်နှစ်ထက်ပိုများခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

 

b1

 

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသူ ၂၈၈၀ ဦးအနက်မှ ကျောင်းသား ၁၂၄၈ ဦး၊ ကျောင်းသူ ၁၅၉၆ ဦး၊ စုစုပေါင်း ၂၈၁၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ယခု ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးထားသူ ၃၂၉၉ ဦးအနက်မှ ကျောင်းသား ၁၄၀၇ ဦး၊ ကျောင်းသူ ၁၇၈၉ ဦး၊ စုစုပေါင်း ၃၁၉၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ယခင်နှစ်ထက် ဖြေဆိုသူ ၃၇၉ ဦး ပိုများခဲ့ကြောင်း သိရသည်။

 

b3

 

ဘုတလင်မြို့နယ်တွင် ယခင်နှစ်က အထက(ဘုတလင်) စာစစ်ဌာန(၁)၊ အထက(ဘုတလင်) စာစစ်ဌာန(၂)၊ ခုံမင်းကြီး စာစစ်ဌာန၊ ညောင်ကန်စာစစ်ဌာန၊ သခွတ္တနယ်စာစစ်ဌာနနှင့် မောင်းထောင်စာစစ်ဌာန၊ စုစုပေါင်း စာစစ်ဌာန(၆) ခုသာရှိခဲ့ရာ ယခုနှစ်တွင် ငပယင်းစာစစ်ဌာနကို တိုးချဲ့ခဲ့ပြီး စာစစ်ဌာန(၇)ခုထိ ရှိခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)