ဘုတလင်မြို့တွင်း လမ်းမများ၌ LED မီးသီးများ တပ်ဆင်  

ဘုတလင် ၂၄  သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး သြဂုတ်လ(၂၃)ရက်က စတင်ကာ ဘုတလင်မြို့တွင်း လမ်းမများတွင် LED မီးသီးများ တပ်ဆင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။


ဘုတလင်မြို့အတွက် LED မီးသီး အလုံး(၅၀)ကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီက ထောက်ပံ့ပေးခြင်းဖြစ်ပြီး မုံရွာ-ရေဦးကားလမ်းမကြီးတွင် (၂၂)လုံး၊ ဗိုလ်ချုပ်လမ်းတွင် (၁၃)လုံး၊ အမှတ်(၁၈) လမ်းတွင် (၆)လုံး၊ အမှတ်(၁၄)လမ်းတွင် (၄)လုံး၊ အမှတ်(၁၆)လမ်းတွင် (၂)လုံး၊ ဦးပုကန်လမ်းတွင် (၃)လုံး၊ စုစုပေါင်း အလုံး(၅၀) တပ်ဆင်ခဲ့ကြောင်း သိရသည်။


အဆိုပါ LED မီးသီးများသည် တစ်လုံးလျှင် နှစ်သောင်းခုနှစ်ထောင်ကျပ် တန်ဖိုးရှိပြီး မြို့တွင်းလမ်းဆုံများနှင့် အချက်အခြာနေရာများရှိ မီးတိုင်များတွင် တပ်ဆင်ခဲ့ပါကြောင်း၊ ထို့ပြင် မြို့နယ်စည်ပင်အနေဖြင့် ယခင်က တပ်ဆင်ထားသည့် မီးသီးများကို စစ်ဆေးပြုပြင်ပြီး LED မီးသီး မတပ်ဆင်သည့် ကြားမီးတိုင်များတွင် ပြန်လည်တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဘုတလင်မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။


မြို့နယ်ပြန်/ဆက်

 

2.22