ဘုတ်ပြင်း၊ ကျိုင်းတုံ၊ တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ နိုဝင်ဘာ

 

မူးယစ်တပ်ဖွဲ့စု(၃၄) ကော့သောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမတ်လမ်းတွင် ကျော်ထက်မောင် မောင်းနှင်ပြီး အောင်ပိုင်ငယ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၇၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့နံနက် ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာဟောင်းနေ အားဇ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ နှင့် ဘိန်းစိမ်း ၁၆ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်း(၁)ကျေးရွာနေ အားယာ၏ လယ်စောင့်တဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ဝ၊ ဘိန်းစိမ်း ၈၀ ဂရမ်နှင့် မြန်မာငွေကျပ် ၂၇၅၀ဝ၀ တို့ကိုလည်းကောင်း။

 

ထို့အတူ နိုဝင်ဘာ ၁၂ ရက် ညပိုင်းက တပ်မတော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါလကျေးရွာနေ လော်ထူ(ခ)လော်ဟူ၏ နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း ၅ ဒသမ ၃ ကီလိုနှင့် ခြောက်လုံးပြူးသေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား