ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအနီး AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ

နေပြည်တော် ၇ သြဂုတ် 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖုံညိုလိပ်ကျေးရွာ တံတားအနီး၌ မသင်္ကာဖွယ် လူ ၁ ဦးတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ နေဇော်လင်း(ဘ)ဦးကျော်သန်း ဖြစ်ကြောင်းသိရပြီး စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသော ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုအား AA အဖွဲ့ထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့်စာများအား တွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း။


၎င်းအား ဖုံညိုလိပ်နယ်မြေရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  


သတင်းစဉ်