ဘဝမျိုးစုံ၊ အခြေအနေမျိုးစုံတို့ကြောင့် လူတို့ရဲ့ သဘာဝကို မြင်တွေ့နိုင်မယ့် “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

မန္တလေး ၁၉ ဇန်နဝါရီ

ပြည့်စုံခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ မင်းထက်ရဲ့ဘဝမှာ ဇင်မာဟာ ဘုရားပေးတဲ့ အပိုဆုပါ။ မမျှော်လင့်တဲ့ အချိုးအကွေ့တစ်ခုမှာ ပေါ်လာတဲ့ သူစိမ်းတချို့ဟာ ပြည့်စုံလှပနေတဲ့ ဘဝတစ်ခုကို ဖျက်ဆီးဖို့ကြိုးစားကြတယ်။

မင်းထက်ရဲ့ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးတွေ ကမောက်ကမဖြစ်သွားတယ်။ ခေါင်းမဖော်နိုင်လောက်အောင် ဆက်တိုက်ထိုးနှက်ချက်တွေအပြီး ဒူးထောက်အရှုံးပေးလုနီးပါးမှာ မင်းထက်အတွက် အမှန်တရားတစ်ခုက ရှုံးနိမ့်ခဲ့သမျှတွေအားလုံး ချေပနိုင်ဖို့ အလင်းတန်းတစ်ခု ပေါ်ထွက်လာတယ်။

mdn

မင်းထက်တစ်ယောက် သူခံခဲ့ရသလို ပြန်လက်စားချေမလား၊ လက်စားချေနိုင်တဲ့စိတ်မျိုးရှိသလား၊ ဇင်မာနဲ့ မင်းထက် ဘာဆက်ဖြစ်မလဲ၊ ဆင်းရဲခြင်းဆိုတာကို ငယ်စဉ်ကလေးဘဝကတည်းက ကြုံတွေ့ခဲ့ရတဲ့ သိန်းစိုးနဲ့ ဇင်မာ၊ ဆင်းရဲမှုဆိုတာ ဘာလဲဆိုတာမသိခဲ့တဲ့ မင်းထက်တို့ ဘာတွေဆက်ဖြစ်မလဲ ဆိုတာ သိချင်လျှင်တော့ မင်းထက်အဖြစ် ဇဏ်ခီ ၊ ဇင်မာအဖြစ် သက်မွန်မြင့်၊ သိန်းစိုးအဖြစ် အောင်မြင့်မြတ်၊ အမ်မလီအဖြစ် Kaew Korravee တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

လူ့ဘဝမှာ ဖြစ်နေတဲ့ ဘဝမျိုးစုံ၊ အခြေအနေမျိုးစုံတို့ကြောင့် လူတွေရဲ့ပြောင်းလဲတတ်တဲ့ သဘာဝကို တွေ့မြင်ရမှာဖြစ်သလို အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရတာတွေကို ဒရမ်မာပုံစံမျိုးနဲ့ တွေ့မြင်ကြရမှာပါ။ ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကို ဇဏ်ခီက ရေးသားခဲ့ပြီး ခရစ္စတီးနားခီက ၂၀၁၅ ခုနှစ်မှာစတင်ရိုက် ကူးခဲ့ပါတယ်။

 

အိမို့မို့ခိုင်