ဘယ်လ်ဂျီယံနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိလာ

ဘရပ်ဆဲလ်၊ ၁၀ ဇန်နဝါရီ

 

ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာ ၂၀,၀၀၀ ကျော်ရှိလာကြောင်း ဒီနေ့(တနင်္ဂနွေနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွင် သေဆုံးသူ တစ်ဝက်ကျော်ဟာ ဘိုးဘွားရိပ်သာတွေမှာ နေထိုင်သူတွေဖြစ်ကြောင်း ပါရှိပါတယ်။

 

လူဦးရေ ၁၁. သန်းနေထိုင်တဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆၆၂,၆၉၄ ဦး ရှိပြီး သေဆုံးသူဟာ ၂၀,၀၃၈ ဦးရှိကြောင်း Sciensano ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။

 

ဘယ်လ်ဂျီယံနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးနှုန်းအများဆုံးဖြစ်ကြောင်း၊ လူ ၁၀၀,၀၀၀ မှာ ,၇၂၅ ဦး သေဆုံးတယ်လို့ ဆိုနိုင်ပါတယ်။

 

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို ဇန်နဝါရီ ရက်တွင် စတင်နေပြီဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု ပထမလှိုင်းမှာ နေ့စဉ် သေဆုံးသူ ၂၅၀ ရှိပြီး သေဆုံးသူအများဆုံးနေဖြစ်တဲ့ ဧပြီ ရက်နေ့မှာ သေဆုံးသူ ၃၂၂ ဦး ရှိကြောင်းနဲ့ ဒုတိယလှိုင်းအတွင်း အောက်တိုဘာလမှာ သေဆုံးသူအရေအတွက် ပြန်လည်များပြားလာပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှာ သေဆုံးသူ ၂၁၈ ဦးရှိကြောင်း  Sciensano ပြည်သူ့ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဘိုးဘွားရိပ်သာတွေမှာ နေထိုင်သူတွေထဲက ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၁၀,၂၇၀ ဦးရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် စာရင်းအရ သိရပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာ . သန်းကျော်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။

MDN

ကိုးကား - AFP

 

136098727_4270669766282813_2758833775098697583_n