ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ရန်ကုန်မြို့သို့ရောက်ရှိ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံရုံးဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့်တွေ့ဆုံ

ရန်ကုန်  ၁၇   ဒီဇင်ဘာ 

မြန်မာနိုင်ငံ၌ တရားဝင်ခရီး ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုသည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။

 

0010014

 

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

002

 

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးသို့ သွားရောက်ပြီး သံရုံးဝန်ထမ်းများ၊ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များ၊ အထူးဖိတ် ကြားထားသူများနှင့် တွေ့ဆုံသည်။

 

2tttj

 

ညပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့ ၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။ 

(သတင်းစဉ်)