ဗီယက်နမ်နိုင်ငံက ဆင်အပြေးပြိုင်ပွဲ

၁၆ မတ် 

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက ဆင်အပြေးပြိုင်ပွဲမှာ ဆင် ၁၄ ကောင်သာပြိုင်ပွဲဝင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဒါဇင်နဲ့ချီတဲ့ ဆင်တွေ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ခရီးသွားတွေကို စိတ်ဝင်စားစေတဲ့အတွက် ရာနဲ့ချီတဲ့ ခရီးသွားတွေ လာရောက်တာကို တွေ့ရပါတယ်။ 

 

000

 

ဆင်ပြိုင်ပွဲကျင်းပရာ ဒေသခံတွေကတော့ ရိုးရာပွဲတော်လို့ ယူဆပေမယ့် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေကတော့ သိပ်ပြီးရက်စက်တဲ့ပွဲ၊ ခေတ်မမီတော့တဲ့ ပွဲတော်ဆိုပြီး ဖျက်သိမ်းဖို့ ပြောဆိုနေကြပါတယ်။ 

 

000_1E

 

ခရီးသွားတွေ စိတ်ဝင်စားတဲ့ ဘူအွန်ဒွန်ဆင်ပွဲတော်ဟာ နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ ဆင်ပွဲမှာ ဆင်ဘောလုံးပွဲ၊ ဆင်ရေကူးပြိုင်ပွဲ၊ ဆင်လမ်းလျှောက်ပွဲနှင့်ဆင်စာဘူဖေးတွေ ပါဝင်ကြောင်း သိရပါတယ်။ 

 

000_1

 

Animals Asia အဖွဲ့က ဒီအိုနီက “ဒီပွဲက တိရစ္ဆာန်တွေအပေါ် ရက်စက်မှုတစ်ခုသာဖြစ်တယ်။ အထူးသဖြင့်  ဖျော်ဖြေဖို့ အတွက်ဖြစ်နေတာလေ။ တော်ပါသေးတယ် ဒီနှစ်ပွဲမှာ ပါဝင်တဲ့ ဆင်အရေအတွက်က ၁၄ ကောင်ဖြစ်လို့သာပေါ့။ တာဝန်ရှိသူတွေက တိရစ္ဆာန်တွေကို ခရီးသွားတွေ စွဲဆောင်ဖို့ အသုံးပြုမယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိုပြီး လုပ်ဆောင်ကြဖို့ပါ” လို့ ပြောပါတယ်။ 

 

000_1EI

 

ဗီယက်နမ်နိုင်ငံမှာ တောရိုင်းဆင်ကောင်ရေ ၁၀ဝ ကနေ ၁၅၀ အတွင်းသာဖြစ်ပြီး ကောင်ရေ ၈၀ လောက်က ဖမ်းဆီးထားတဲ့ ဆင်တွေဖြစ်ပါတယ်။ 

 

MDN

ကိုးကား - AFP

 

000_1E