ဗီယက်နမ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ရွှေပြားကပ်ထားတဲ့ ဟိုတယ် ဖွင့်လှစ်

၅ ဇူလိုင်

 

ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့ရှိ Dolce Hanoi Golden Lake ဟာ ကမ္ဘာ့မှာ ပထမဆုံး ရွှေပြားကပ်ထားတဲ့ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။

 

ဟိုတယ်မှာ လာရောက်တည်းခိုသူတွေဟာ လက်ဖက်ရည်၊ ကောက်ဖီသောက်ရန် အသုံးပြုတဲ့ ခွက်မှအစ ရေချိုးကန်အဆုံး ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ အသုံးအဆောင်တွေကို အသုံးပြရတာဖြစ်ပါတယ်။

 

ဟိုတယ် တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၂၀ဝ ကုန်ကျကြောင်း သိရပါတယ်။ ၂၄ ကရက်ရှိတဲ့ ရွှေပြားတွေက ဟိုတယ်အဝင်မှအစ ရေကူးကန်၊ အိပ်ခန်း၊ ဇွန်း၊ ခရင်း၊ ဒါး၊ ရေပိုက်ခေါင်း၊ ခွက်နဲ့ ထိုင်ခုံအထိ ရွှေပြားတွေ ကပ်ထားတာကို တွေ့ရပါတယ်။

 

ဟိုတယ်မှာ အထပ် ၂၅ ထပ်ပါရှိပြီး ဟန္နိုင်းမြို့လယ်မှာရှိကြောင်း သိရပါတယ်။ ဟိုတယ်ရေကူးကန်ကနေ မြို့ကို အပေါ်စီးမှ ကြည့်နိုင်တယ်လို့ ပြောပါတယ်။

 

ဟိုတယ်မှာ တစ်ညတည်းခိုခဟာ အမေရိကန်ဒေါ်လာ ၂၅၀ ဖြစ်တဲ့အတွက် သာမန်ဗီယက်နမ်နိုင်ငံသားတွေအတွက် ဈေးကြီးတာကိုတွေရပေမယ့် ချမ်းသာတဲ့ ဗီယက်နမ်နိုင်ငံသားတွေအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လို ထိုင်ခွင့်ရမယ်လို့ ပြောပါတယ်။

 

ဟိုတယ်ကို လာရောက်တည်းခိုတဲ့ တောင်ကိုရီးယားနိုင်ငံးသားက ဖိလစ်ပတ်ခ်က ဟိုတယ်ကို ရောက်လာတော့ ဘုရင်တစ်ပါးလို၊ အီဂျစ်ဘုရင် ဖာရိုလိုမျိုး ခံစားရကြောင်း ပြောပါတယ်။

 

Dolce Hanoi Golden Lake ဟော်တယ်ဟာ ဟိုဟာဘင် စီးပွားရေးအုပ်စုမှ ပိုင်ဆိုင်တာဖြစ်ပြီး ဟိုဟာဘင်ရဲ့ ဥက္ကဋ္ဌ ငုယင်ဟူးဒေါင်က ဆိုရှယ်မီဒီယာနဲ့ လူကိုယ်တိုင်ဖြစ်ဖြစ် သို့မဟုတ် ဆိုရှယ်မီဒီယာကနေ ဟိုတယ်ကို ရောက်ရှိကြောင်း check-in လုပ်ဆောင်စေချင်တယ်လို့ ပြောပါတယ်။

 

ကပ်ရောဂါဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းကို အထိနာပေမယ့် ဟော်တယ်ဖွင့်ဖို့အတွက် ရက်ရွှေ့မဆိုင်းခဲ့ကြောင်းနဲ့ နောက်နှစ်မှာ ဝင်ငွေများမယ်လို့ ဥက္ကဋ္ဌ ဟူးဒေါင်းက ပြောပါတယ်။

 

MDN

ကိုးကား - AFP