ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၅၅ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း  မေ  ၃၀

 

ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၅၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့်  ၎င်း ကူးစက်ခံရသူ အရေအတွက်သည် မေ ၉ ရက်တွင်  ကူးစက်ခံရသူ အရေအတွက်ထက် ၆၇၉ ဦးအထိ လျော့ကျခဲ့ကြောင်း  ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၁၀၆၈၁၂၁၄ ဦးရှိကြောင်း၊ ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးသူပေါင်း ၄၃၀၅၈ ဦး ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိသူပေါင်း ၉၃၂၄၉၃၄ ဦးရှိပြီး  ယင်းအရေအတွက်သည် ကူးစက်ခံရသူ စုစုပေါင်း၏  ၈၇ ရာခိုင်နှုန်း ရှိကြောင်း  ဗီယက်နမ်ကျန်းမာရေး  ဝန်ကြီးဌာနက ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၁၅ ဒသမ ၈ သန်းကျော် အသုံး ပြုပြီးဖြစ်ကြောင်းနှင့်  အဆိုပါ  အသုံးပြုခဲ့သည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများအနက်  အသက်  ၁၈ နှစ်နှင့်အထက် ရှိသူများအား ကာကွယ်ဆေး အလုံးရေ  ၁၉၆  ဒသမ ၆ သန်း နီးပါး  ထိုးနှံပေးခဲ့ကြောင်း  ဗီယက်နမ် ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်