ဗီယက်နမ်နိုင်ငံ၌  နေအိမ်နံရံပြိုကျမှုကြောင့် ကလေးငယ်သုံးဦးသေဆုံး

မေ ၁၃

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေးသုံးဦးသေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။ အဆိုပါ နေအိမ်နံရံပြိုကျမှုကြောင့် သေဆုံးသူသုံးဦးတွင် ဘာဗီခရိုင်တွင် နေထိုင်သော သုံးနှစ်အရွယ်ကလေးငယ်နှစ်ဦးနှင့် ငါးနှစ်အရွယ်ကလေးတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။ ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က တောင်စောင်းရှိ နေအိမ်တစ်လုံး၏နံရံပြိုကျမှုဖြစ်ပွားမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံရံပြိုကျအကျိုးအပဲ့များအောက်တွင် ပိတ်မိနေသော ကလေးသုံးဦးကို ယနေ့မနက် ၁ နာရီခန့်က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို