ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းဖြစ် ဗိုင်းရပ်စ်ကာကွယ်ဆေး လူသားဖြင့် စမ်းသပ်မှု စတင်တော့မည်

၃  နိုဝင်ဘာ

 

နာနိုဂျင်ကုမ္ပဏီက သုတေသနပြုပြီး ထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်မျိုးကို ရုံးပိုင်းဆိုင်ရာများ ဆောင်ရွက်ပြီးလျှင် ယခုလအတွင်း လူသားဖြင့်စမ်းသပ်မှု စတင်မည်ဟု မျှော်မှန်းရသည်။

 

သက်ဆိုင်ရာ စာချုပ်စာတမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြီးစီးအောင်လုပ်ဆောင်ရန် ဗိုင်းရပ်စ်ကာကွယ် ဆေးထုတ်လုပ်သည့် နာနိုဂျင်ကုမ္ပဏီအား ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သိပ္ပံ၊ နည်းပညာနှင့် လေ့ကျင့်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ငုယင်ငေါင်ကွမ်က ပြောသည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် ၁ စမ်းသပ်မှုကို လူ ၂၀ ၊ အဆင့် ၂ စမ်းသပ်မှုကို လူ ၆၀၀၊ အဆင့် ၃ စမ်းသပ်မှုကို လူ ၁၀၀၀၀ ကျော်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

 

နာနိုဂျင် ဗိုင်းရပ်စ်ကာကွယ်ဆေးက ဗီယက်နမ်နိုင်ငံ၏ အလားအလာအကောင်းဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ဖူးသည်။

 

ယခုအခါ နာနိုဂျင် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းမှုနှင့် ကိုယ်ခံစွမ်းအားအတွက် တိရစ္ဆာန်များနှင့် စမ်းသပ်လျက်ရှိသည်။

 

နာနိုဂျင်အပြင် ဗီယက်နမ်နိုင်ငံ၌ IVAC၊ Vabiotech နှင့် Polyvac သုတေသနဌာနတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးမျိုး စမ်းသပ်ထုတ်လုပ်လျက်ရှိသည်။

 

စမ်းသပ်မှုအောင်မြင်ပါက နာနိုဂျင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက လူသားဖြင့်စမ်းသပ်သည့် ဗီ ယက်နမ်နိုင်ငံ၏ ပထမဆုံးသော ဗိုင်းရပ်စ်ကာကွယ်ဆေး ဖြစ်လာမည်ဖြစ်သည်။

 

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၃၈ မျိုး လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

 

ကိုးကား-VNA