ဗီယက်နမ်နိုင်ငံ၌ ယခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၄၁ ဦးရှိ

မေ ၁၆

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၄၁ ဦး ရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀၇ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ငှက်ဖျားဗေဒ၊ ကပ်ပါးဗေဒ၊ ပိုးမွှားဗေဒအဖွဲ့အစည်း၏ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းဌာနက ယမန်နေ့ကဖော်ပြထားသည်။ နိုင်ငံအတွင်းရှိ ပြည်နယ် ၂၃ ခုအနက် ပြည်နယ် ၁၃ ခုတွင် ငှက်ဖျားရောဂါဖြစ်ပွားလျက်ရှိသည်ဟု ထိုအဖွဲ့အစည်း၏ညွှန်ကြားရေးမှူးက ပြောကြားသည်။ ငှက်ဖျားရောဂါဖြစ်ပွားသည့် ဒေသများတွင် နေထိုင်လျက်ရှိသူ ခုနစ်သန်းခန့်ရှိသည်ဟုသိရသည်။ ယမန်နှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၄၈ ဦးရှိသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ်တွင် ငှက်ဖျားရောဂါထပ်မံဖြစ်ပွားမှုမရှိရန်နှင့် ၂၀၃၀ တွင် ငှက်ဖျားရောဂါပပျောက်ရန် ရည်မှန်းချက်ထားရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို