ဗီယင်နာအကြမ်းဖက်တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသူများအား အိန္ဒိယဝန်ကြီးချုပ် ဝမ်းနည်းကြောင်းပြောကြား

၃ နိုဝင်ဘာ

 

ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မိသားစုဝင်များအား အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ယနေ့တွင် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

ဗီယင်နာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အလွန်အမင်းတုန်လှုပ်ပြီး ဝမ်းနည်းရသည်။

 

ဤဝမ်းနည်းဖွယ်ရာကာလအတွင်း အိန္ဒိယသည် ဩစတြီးယားနှင့်အတူ ရပ်တည်ကြောင်းကို မိုဒီက ပြောကြားကာ ဆိုရှယ်မီဒီယာပေါ်တွင် အကျဉ်းချုပ် ရေးသားထားသည်။

 

ဗီယင်နာမြို့ ဘုရာရှီခိုးကျောင်းအနီးနားမှ စတင်ကာ နေရာခြောက်နေရာတွင် ယမန်နေ့က သေနတ်သမားများ တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုတွင် လူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို