ဗြိတိန်နဲ့ အမေရိကန် သုတေသန ပညာရှင်တွေ ဖန်တီးလိုက်တဲ့ ပလတ်စတစ်စားတဲ့ အင်ဇိုင်းသစ်တွေ့ရှိ

၁၈ ဧပြီ

 

ကမ္ဘာတစ်လွှားက သမုဒ္ဒရာပြင်တွေမှာ တစ်နှစ်လျှင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းပေါင်း တန်ချိန် ရှစ်သန်းကျော် ရှိသောကြောင့် သဘာဝဝန်းကျင်အတွက် အန္တရာယ်ရှိနေပေမယ့် အခုတော့ ဓာတ်ခွဲခန်းတွင်း မတော်တဆ တွေ့ရှိချက်တစ်ခုကနေ ဒီစွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

 

ဗြိတိန်နဲ့ အမေရိကန် သုတေသန ပညာရှင်တွေ မရည်ရွယ်ဘဲ ဖန်တီးလိုက်တဲ့ အင်ဇိုင်းတစ်မျိုးက လက်ရှိ ပလတ်စတစ်စားတဲ့ အင်ဇိုင်းထက် အဆအတော်မြန်အောင် ပလတ်စတစ်ဘူးတွေကို စားပစ်နိုင်တာပါ။

 

သူတို့က အရင်က တွေ့ရှိထားတဲ့ ပလတ်စတစ်စားတဲ့ အင်ဇိုင်းထဲကို အမိုင်နိုအက်ဆစ် ထပ်ထည့်ပြီး ဓာတ်ပြုမှု ပိုနှေးကွေးအောင် လုပ်ကြည့်တာပါ။ ဒါပေမယ့် ဓာတ်ပြုမှု ပိုမြန်သွားစေပြီး ပလတ်စတစ်ကိုပါ ချေဖျက်နိုင်စွမ်း ကောင်းကောင်းရှိတာ တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် စီးပွားဖြစ်ထုတ်လုပ်ဖို့ လုပ်နေကြပါပြီ။

 

ဗြိတိန်နိုင်ငံ Portsmouth တက္ကသိုလ်က ပါမောက္ခ John McGeehan ကတော့ အခုအချိန်မှာတော့ ပလတ် စတစ်တွေဟာ recycled လို့ခေါ်တဲ့ ပြန်သုံးလောက်အောင် ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သူတို့ဟာ အမှိုက်ပုံမှာ သောင်တင်တာ ဒါမှမဟုတ် မီးရှို့ပစ်နေရကြောင်းနဲ့ မီးရှို့တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက် စေသလို နောက်ထပ် ပလတ်စတစ်ရဖို့လည်း ရေနံတွေ တူးရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုတွေ့ရှိ ချက်ကနေ ပလတ်စတစ်ကို ရာနှုန်းပြည့် လုံးဝ ပြန်သုံးနိုင်တဲ့အဆင့် ရောက်တော့မယ်လို့ ပြောပါတယ်။ အခု တွေ့ရှိချက်ကို National Academy of Sciences စာစောင်မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

 

Credit- MONREC