ဗြိတိန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃,၀၀၀ နီးပါးရှိလာ

၇ စက်တင်ဘာ

 

ဗြိတိန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃,၀၀၀ နီးပါး ရှိလာကြောင်း၊ အခုအရေအတွက်ဟာ မေလကုန်ကနေစပြီး အများဆုံးတွေ့ရှိ ပမာဏ ဖြစ်တယ်လို့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ၂၈ ရက်အတွင်းမှာ သေဆုံးသူ ၂ ဦး ရှိတဲ့အတွက် စုစုပေါင်းသေဆုံးသူ အရေအတွက်ဟာ ၄၁,၅၅၁ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

စနေနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၁,၈၁၃ ဦးဖြစ်ပြီး တနင်္ဂနွေနေ့မှာ ၂,၉၈၈ ဦးမှာ ပိုးတွေ့ရှိသူတဲ့အတွက် ပိုးတွေ့ရှိသူ သိသိသာသာ များလာတာကို တွေ့ရပါတယ်။

 

မေ ၂၃ ရက်က ပိုးတွေ့ရှိသူ ၂,၉၅၉ ဦးရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ပိုးတွေ့ရှိသူအရေအတွက် သိသိသာသာ နည်းသွားတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအရေအတွက် များလာတာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း၊ တွေ့ရှိသူအများစုဟာ လူငယ်တွေဖြစ်ကြောင်းနဲ့ လူငယ်တွေကနေ လူကြီးကိုတွေကို ကူးစက်မှာကို စိုးရိမ်ကြောင်း၊ ဖျားနာတဲ့ လူငယ်တွေအနေနဲ့ အဖိုးအဖွားတွေကို မကူးစက်အောင် ဂရုစိုက်ဖို့က အင်မတန်အရေးကြီးကြောင်း ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များနေပေမယ့် ပညာသင်နှစ်အစဖြစ်တဲ့အတွက် ကျောင်းတွေပြန်ဖွင့်နေရာ မိဘတွေက သားသမီးတွေ ကျောင်းပြန်ပို့ရေးကို စိုးရိမ်နေပါတယ်။

 

ကျန်းမာရေးဝန်ကြီးက အစိုးရအနေနဲ့ ကျောင်းပြန်ဖွင့်တာ မှန်ကန်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်၊ ဗိုင်းရပ်စ်ပိုးကြောင့် ကလေးငယ်တွေ ပညာရေးမရရှိခဲ့တဲ့အပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်က ကြီးမားကြောင်း ပြောပါတယ်။

 

စကော့တလန်မှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ လေးလအတွင်း အများဆုံးလို့ ဆိုနိုင်တဲ့ ၂၀၈ ဦးကို တနင်္ဂနွေနေ့က တွေ့ရှိခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၄၇,၁၅၂ ဦး ရှိပါတယ်။

 

MDN

ကိုးကား - AFP