ဗြိတိန်နိုင်ငံတွင် အသွားအလာကန့်သတ်ပိတ်ဆို့မှု ဖြေလျှော့

၃  ဒီဇင်ဘာ

 

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များကို အစိုးရက ဖြေလျှော့ပေးပြီးနောက် မရှိမဖြစ်မဟုတ်သော လက်လီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်သည်။

 

ပြန်လည်ကူးစက်မှုများ ဖြစ်ပွားလာချိန်တွင် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုကို နိုဝင်ဘာ ၅ ရက်နေ့ကစတင်ကာ ဒုတိယအကြိမ် ထပ်မံချမှတ်ခဲ့သည်။

 

ပြည်သူများ နေအိမ်တွင် နေထိုင်ရန် လိုအပ်ကြောင်းနှင့် မရှိမဖြစ်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပိတ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

 

ဗုဒ္ဓဟူးနေ့က စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လာရာ လန်ဒန်မြို့အလယ်ပိုင်းရှိ စတိုးဆိုင်များ၊ အဝတ်အထည်အရောင်းဆိုင်များနှင့် အခြားလက်လီအရောင်းဆိုင်များတွင် ဈေးဝယ်သူများဖြင့် ပြည့်နှက်နေခဲ့သည်။

 

သို့သော်လည်း ဈေးဝယ်သူအချို့ကမူ လူအချင်းချင်းခပ်ခွာခွာနေထိုင်ရေးမူကို ထိန်းသိမ်းနိုင်ခြင်းမရှိမှာကို စိုးရိမ်သည်ဟု ပြောကြားကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို