ဗြိတိန်တင်းနစ်ကစားသမားနှစ်ဦးဖြစ်တဲ့ အန်ဒီမာရေးနဲ့ ဒန်အီဗန်တို့ ကာတာအိုးပင်းတင်းနစ်ပြိုင်ပွဲမှ ထွက်ခဲ့ရ

ဗြိတိန်ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား နှစ်ဦးဖြစ်တဲ့ အန်ဒီမာရေးနဲ့ ဒန်အီဗန်တို့ဟာ ကာတာ အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ၁၆ ဦးအဆင့်မှာ ပြိုင်ဘက်အသီးသီးကို ရှုံးနိမ့်ခဲ့တာကြောင့် ကာတာအိုးပင်း တင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဟောင်း အန်ဒီမာရေးဟာ ၁၆ ဦး အဆင့်မှာ စပိန်တင်းနစ်ကစားသမား ရောဘတ်တို ဘာတီစတာအဂတ်ကို ၆-၀၊ ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ကြောင့် ကာတာအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။ အန်ဒီမာရေးဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တင်းနစ် ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် လက်ရှိမှာ အဲဒီမျှော်လင့်ချက်ပျက်ပြယ်ခဲ့ရတာဖြစ် ပါတယ်။

အခြားသော ဗြိတိန်တင်းနစ်ကစားသမား ဒန်အီဗန်ဟာလည်း ကာတာအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ၁၆ ဦး အဆင့်မှာ စပိန်တင်းနစ်ကစားသမား ဒေးဗစ်ဒို ဗစ်ချ်ဖော်ကီနာအားရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ကမ္ဘာ့အဆင့်(၄၇) နေရာမှာ ရပ်တည်နေတဲ့ ဒေးဗစ်ဒိုဗစ်ချ်ဖော်ကီနာက ဒန်အီဗန်ကို ၄-၆၊ ၇-၅၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်