ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ သမ္မတထရမ့် ဆေးရုံမှာ ကုသခံယူနေ

၃ အောက်တိုဘာ

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး သောကြာနေ့က တွေ့ရှိခဲ့ပြီးနောက် သောကြာနေ့မှာပဲ ကုသမှုခံယူရန် ဝါရှင်တန်အပြင်ဘက်မှာ ရှိတဲ့ ဝေါ့တား ရီဒ် စစ်ဆေးရုံကို သွားရောက်ခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန် သမ္မတရွေးကောက်ပွဲဟာ တစ်လသာ လိုတာဖြစ်ပေမယ့် ထရမ့်ရဲ့ မဲဆွယ်ရေး ခရီးစဉ်တွေ ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။

 

သမ္မတဟာ ဆေးရုံသို့ သွားဖို့အတွက် ရဟတ်ယာဉ်ဆီကို ကိုယ်တိုင်လမ်းလျှောက်သွားစဉ် သတင်းထောက်တွေကို လက်မထောင်ပြခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် သမ္မတရဲ့ ၁၈ စက္ကန့်ကြာ ဗီဒီယိုသတင်းစကားမှာ သူနဲ့ သမ္မတ ကတော်တို့ နေကောင်းကြောင်း၊ ကျန်းမာလာအောင် လုပ်မှာဖြစ်ကြောင်း နဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။

 

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သတင်းမှာ သမ္မတ ထရမ့်ဟာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရ remdesivir ဆေးနဲ့ ကုသမှုခံယူနေကြောင်း၊ သမ္မတဟာ အောက်ဆီဂျင်ပေးရန် မလိုအပ်ကြောင်း၊ ထရမ့်ဟာ ဆေးရုံကနေ တာဝန်ဆက်လက် ထမ်းဆောင်နေကြောင်း ပါရှိပါတယ်။

 

ရွေးကောက်ပွဲမတိုင်မီ သမ္မလောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ ထရမ့်နဲ့ တစ်နာရီခွဲကြာ မျက်နှာခြင်းဆိုင် ခဲ့တဲ့ ဂျိုးဘိုင်ဒန် နဲ့ သူ့ဇနီးတို့ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ခဲ့ပေမယ့် ရောဂါပိုးမရှိခဲ့ကြောင်း သိရပါတယ်။

 

ဒုသမ္မတ ပန့်စ် နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့မှာလည်း ဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ပေမယ့် သမ္မတထရမ့် ရဲ့ အကြံပေးတချို့ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ သမ္မတ နဲ့ သမ္မတကတော်တို့အပါအဝင် သောကြာနေ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၁,၄၀၃ ဦးရှိကြောင်း ဒီနေ့ ထုတ်ပြန်အရ သိရပါတယ်။

 

MDN

ကိုးကား- AFP