ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတဲ့ သမ္မတ ထရမ့် သက်သာပေမယ့် ဆေးရုံမှာဘဲ ဆက်လက်ထားရှိ

၄ အောက်တိုဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အတွက် ဝါရှင်တန်အပြင်ဘက်မှာ ရှိတဲ့ ဝေါ့တား ရီဒ် စစ်ဆေးရုံ မှာ သောကြာနေ့ကစပြီး ဆေးကုသခံယူနေခဲ့ပါတယ်။ 

စနေနေ့ ညနေပိုင်းကတော့ သမ္မတ ထရမ့်က ဗီဒီယို သတင်းစကားကနေ သူ ဆေးရုံကို လာရောက်စဉ်နေမကောင်းခဲ့ပေမယ့် အခုတော့ နေကောင်းနေပြီဖြစ်ကြောင်း၊ မကြာခင်ပြန်ရောက်မှာဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲမဲဆွယ်ခရီးစဉ်တွေကို လုပ်ဖို့ မျှော်လင့်နေကြောင်း ပြောဆိုပါတယ်။ 


အဲဒီဗီဒီယိုထဲမှ သမ္မတဟာ အဖြူရောင်ရှပ်နဲ့ အပြာရောင်ဝတ်စုံဝတ်ဆင်ထားပေမယ့် necktie မပါရှိတာကို တွေ့ရပါတယ်။ 
သမ္မတကို ကုသပေးနေတဲ့ အိမ်ဖြူတော် ဆရာဝန် ရှောင် ကွန်လေးက သမ္မတကို ဆေးရုံမှဘဲ ဆက်လက်ထားရှိမှာ ဖြစ်ကြောင်း၊ သမ္မတရဲ့ လေပြွန်၊ အသည်း၊ အဆုတ် တွေဟာ ပုံမှန်ကောင်းနေကြောင်း ပြောပါတယ်။ 


သမ္မတ ထရမ့်ဟာ သောကြာနေ့က ဆေးရုံမသွားခင်မှာ အိမ်ဖြူတော်မှာ အောက်ဆီဂျင်ပေးခဲ့ရကြောင်း အမေရိကန်သတင်းစာတွေမှာ ရေးသားထားပါတယ်။ 

 

MDN
ကိုးကား- AFP