ဗိုင်းရပ်စ်ရောဂါပိုးကို ကြောက်ပေမယ့် ဥရောပက ကျောင်းတွေ ပြန်ဖွင့်ပြီ

၁ စက်တင်ဘာ

 

ဥရောပတစ်ဝန်းမှာရှိတဲ့ ကျောင်းတံခါးတွေ ဒီလမှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကြောင့် ကျောင်းတွေ ပိတ်ထားတာ ၆ လနီးပါးရှိရာကနေ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ပြင်သစ်၊ ဘယ်လဂျီယံက ကျောင်းတွေ ပြန်ဖွင့်တာကို တွေ့ရပါတယ်။

 

ပြင်သစ်နိုင်ငံက အထက်တန်း ကျောင်းသူကျောင်းသားတွေဟာလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး စည်းမျဉ်းအရ မျက်နှာဖုံးဝတ်ဆင်ရန်နဲ့ လက်တွေကို ပိုးသတ်ဆေးရည်နဲ့ ဆေးကြောရန် လိုအပ်ကြောင်း သိရပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ အင်္ဂလန်နဲ့ ဝေးလ်က ကျောင်းတွေကလည်း ၆ လကြာ ပိတ်ထားရာကနေ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

 

အသက် ၁၁ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသူကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ ကျောင်းဝန်းအတွင်းမှာ မျက်နှာဖုံးဝတ်ဆင်ရမယ်လို့ သိရပါတယ်။ စပိန်အစိုးရက အသက် ၆ နှစ်အထက် ကလေးငယ်တွေဟာ တစ်ချိန်လုံး မျက်နှာဖုံးဝတ်ရန် လိုအပ်သလို တစ်နေ့ကို အနည်းဆုံး လက်ငါးကြိမ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင့် ကလေးတွေဟာ တစ်ဦးနဲ့တစ်ဦး ၅ ပေအကွာမှာနေရန်လည်း အကြံပြုထားပါတယ်။ စာသင်ခန်းအတွင်း ကျောင်းသားဦးရေ လျှော့ချရေးအတွက် ဆရာဆရာမ ထပ်ငှားရေးကို ပြည်နယ်အစိုးရတွေက စီစဉ်ရန်လိုအပ်ကြောင်း ဗဟိုအစိုးရက ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေက စပိန်အစိုးရရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေဟာ မလုံလောက်ဘူးဆိုပြီး စိုးရိမ်နေကြပါတယ်။

 

လာမယ့် တနင်္လာနေ့နေ့မှာ ဂရိနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်မှာဖြစ်ပြီး စာသင်ခန်းတစ်ခန်းကို ကလေး ၂၅ ဦးသာထားရန်နဲ့ မျက်နှာဖုံးဟာ ဝတ်ဆင်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ဂျာမနီနိုင်ငံမှာတော့ ပြီးခဲ့တဲ့လကစပြီး ကျောင်းတွေပြန်ဖွင့်ပြီး ဖြစ်ပါတယ်။

 

MDN

ကိုးကား- AFP