ဗန်ဒိုက်၏နေရာကို မိမိ အနည်းငယ်သာ ဖြည့်ဆည်းနိုင်ကြောင်း ဖာဘင်ညို ပြောကြား

၂၃ အောက်တိုဘာ

 

လီဗာပူးအသင်းက အေဂျက်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ဖာဘင်ညိုက သူဟာ  အသင်းရဲ့ ခံစစ်တံတိုင်း ဗန်ဒိုက် နေရာကို အနည်းငယ်သာ ဖြည့်ဆည်းကစားနိုင်သူဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

 

ဗန်ဒိုက်ဟာ အဲဗာတန်နဲ့ လီဗာပူးတို့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်ကြော ဒဏ်ရာရရှိခဲ့ကာ ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

 

လီဗာပူးနည်းပြကလော့ပ်ကတော့  ဗန်ဒိုက်နေရာမှာ ဘရာဇီးကစားသမား ဖာဘင်ညိုကို  အစားထိုး ကစားခိုင်းခဲ့ပြီး ဖာဘင်ညိုအနေနဲ့လည်း သူပုံမှန်ကစားနေကျ မဟုတ်တဲ့ ဗဟိုခံစစ်မှာ ဝင်ရောက်ကစားခဲ့ရပေမယ့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး လီဗာပူးအသင်းဖော်တွေရော တစ်ကမ္ဘာလုံးဘောလုံးပရိသတ်တွေကရော ဖာဘင်ညိုရဲ့ အေဂျက်စ်နဲ့ ပွဲက စွမ်းဆောင်ရည်အပေါ်  ဝိုင်းဝန်းချီးကျူးနေကြတာဖြစ်ပါတယ်။ 

 

ဒါပေမယ့် ကာယကံရှင် ဖာဘင်ညိုကတော့ “ကျွန်တော်က ဗန်ဒိုက် မဟုတ်ပါဘူး။ သူက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူပါ။ နည်းပြက သူ့နေရာ အစားထိုးကစားဖို့ ပြောတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားကစားမယ်ဆိုတဲ့ စိတ်နဲ့သာ လုပ်ဆောင်ခဲ့တာပါ လို့ ပြောကြားခဲ့ပါတယ်။

 

မေ့လဲ့သင်း