ဗန်းမော်၊ မြိတ်နှင့် ကမာရွတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၈

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သညမေ ၁၇ ရက် ညနေ ၆ နာနရီတွင် ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအုပ်စု၊ စီဟဲကျေးရွာတံတားအနီးရှိ ဗန်းမော်-မံစီသွားကားလမ်းတွင် စိုင်းအုန်းမြတ် မောင်းနှင်ပြီး မထုနူး(ခ)ဒေါ်ထု လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၉၈ ကီလိုနှင့် စိတ်ကြွရူး သွပ်ဆေးပြား ၅,၈၅၀ တို့ကို လည်းကောင်း၊   ထိုနေ့ မွန်းလွဲ ၁ နာရီခွဲတွင်  မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ စက်မှုဇုန်လမ်းမကြီး ဘေးရှိ ကားဝပ်ရှော့ရှေ့တွင် မျိုးနိုင်(ခ)ဘိုင်ကြီးကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း။

 

မေ ၁၄ ရက်  ညနေ ၄ နာရီတွင်   ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ နာနတ်တောလမ်းတွင် မင်းကိုကို မောင်းနှင်ပြီး ကျော်လင်းထက်(ခ)ကရင်လေး လိုက်ပါလာသည့် MARK II အမျိုးအစား မော်တော်ယာဉ်နှင့် ပိုင်သက်ကျော်(ခ)ပိုင်ကြီး မောင်းနှင်ပြီး စိုင်းရဲထက်(ခ)သားသား၊ ရဲမာန်အောင် (ခ)ရဲမာန်၊ မင်းသန့်ထူး(ခ) ပန်ဒါ တို့လိုက်ပါလာသည့် MARK II အမျိုးအစား မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မင်းကိုကို မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ အက်တက်စီဆေးပြား ၃,၆၀၀ နှင့် ပိုင်သက်ကျော်(ခ) ပိုင်ကြီး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ အမေရိကန်ဒေါ်လာ ၁ဝ၄ ဒေါ်လာ၊ ထိုင်းနိုင်ငံသုံးဘတ်ငွေ ၂၁ဝ ဘတ်၊ မြန်မာငွေကျပ် ၁၅,၂၅ဝ  စုစုပေါင်း ငွေကျပ်သိန်း ၁,၄၄၀ တန်ဖိုးရှိ အက်တက်စီဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက်အရ ည ၈ နာရီတွင်  အက်တက်စီ ဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မမေသန်းစိုး(ခ)စိုးစိုး ကို ၎င်းနေထိုင်သည့် စမ်းချောင်း မြို့နယ်၊ မုန့်လုပ်ဆောင်း ကုန်း(မြောက်)ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ တိုက်အမှတ်(၃၄)၊ (၃)လွှာတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(ရဲပြန်ကြား)