ဗန်းမောက်မြို့နယ် ကတူးတိုင်းရင်းသားကျေးရွာ ၆ ရွာတွင် ၂၄ နာရီမီး ဖွင့်လှစ်ပေး

ဗန်းမောက်  ၂၉   ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်လျက်ရှိရာ ကတူးတိုင်းရင်းသားကျေးရွာ ၆ ရွာတွင် ၂၄ နာရီ မီးဖွင့်ပွဲကို ဇူလိုင် ၂၈ ရက် ည ၇ နာရီက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ပင်ဟင်းကျေးရွာအုပ်စု၊ သာယာကုန်း၊ ပင်ဟင်းခါး၊ ‌ရွှေကျောင်း၊ ကန်ရွာကျေးရွာအုပ်စု၊ ကန်ရွာ၊ ခိုနန်းကျးရွာအုပ်စု၊ သခွတ္တာ၊ ခိုနန်းကျေးရွာများ မီးလင်းရေးဖွင့်ပွဲကို အမှတ်(၂) တိုင်းဒေသကြီးလွှတ်တောက်ကိုယ်စားလှယ် ဦးညီညီ ဟန်၊ မြို့နယ်လျှပ်စ်မှူးရုံး ဦးစီးမှူး ဦးမောင်တိုးနှင့် ရပ်မိ၊ ရပ်ဖ ဦးသောင်းရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ဗန်းမောက်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ကျေးရွာများအ‌ရောက် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် (၁၁)ကေဗွီ ဓာတ်အားလိုင်း(၁ ဒသမ ၆)မိုင်နှင့် ၁၁/၀ ဒသမ ၄ ‌ကေဗွီ၊ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ တစ်လုံးစီဖြင့် အဆိုပါကျေးရွာ ၆ ရွာတွင် လျှပ်စစ်မီးသွယ်ခြင်း ဆောင်ရွက်ပြီးစီး ခဲ့သောကြောင့် လျှပ်စစ်မီးဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

“အခုလို လျှပ်စစ်ဌာနမှ ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ပေးခဲ့တာကို ကျွန်တော်တို့ ကျေးရွာမှာ တစ်ကြိမ် တစ်ခါမှ မရဖူးသေးတဲ့ ဒီမီးကို ယခုအခါ လျှပ်စစ်ဝန်ကြီးဌာနမှ မီးလင်းရေးကို အိမ်တိုင်ရာရောက် ၂၄ နာရီမီးလင်း လာတဲ့အတွက် ဝမ်းသားပီတိဖြစ်မိပါတယ်။ ‌ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးတဲ့ မြို့နယ်မှ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်” ဟု ရပ်မိ၊ ရပ်ဖ ဦးသောင်းရွှေက ပြောသည်။

 

အဆိုပါ ဖွင့်ပွဲသို့ မြို့နယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်၊ မြို့နယ်ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်စွာ(ဗန်းမောက်)