ဗန်းမောက်မြို့နယ်၌ ငါးမိုင်းခွဲရန် ပြင်ဆင်စဉ် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး ဒဏ်ရာရ

နေပြည်တော် ၄ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၌ ဇွန် ၃ ရက်က ငါးမိုင်းခွဲရန် ပြင်ဆင်နေစဉ် မိုင်းပေါက်ကွဲပြီး အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနေ ဇော်နိုင်ထွန်း (၂၃)နှစ်ပါ ၃ ဦးနှင့် ချောက်မြို့နယ်၊ နားရွဲစောကျေးရွာနေ ဇော်ဦး (၃၅)နှစ်တို့သည် ဇွန် ၃ ရက်  မွန်းလွဲ ၁ နာရီခွဲက ဗန်းမောက်မြို့နယ်၊ ပါသက်ကျေးရွာအနီး ကားလမ်းဘေးရှိ ရေအိုင်အတွင်း၌ ငါးမိုင်းခွဲရန် မိုင်းပြင်ဆင်နေစဉ် မိုင်းပေါက်ကွဲခဲ့ပြီး (၄)ဦးစလုံးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင် ဆေးကုသလျက်ရှိကြောင်းနှင့် ဇော်နိုင်ထွန်းပါ ၄ ဦးအား ဗန်းမောက်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား