ဗန်းမောက်မြို့ပေါ်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူအား ဖမ်းမိ 

ဗန်းမောက် ၇ ဩဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အောင်သာကုန်းကျေးရွာအတွင်းမှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူအား ဖမ်းမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီခန့်တွင် ဗန်းမောက်မြို့မရဲစခန်းမှ ဒုရဲအုပ်ဆန်းလွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အောင်သာကုန်းကျေးရွာ ဗိုလ်ချုပ်လမ်းပေါ်ရှိ တံတားဘောင်ပေါ်တွင် ဇော်မျိုးလှိုင်(ခ)ချဲချဲ ဆိုသူအား မသင်္ကာ၍ ရပ်တန့်ရှာဖွေစစ်မေးရာ ၎င်းထံမှ ဖုန်း (၃) လုံး၊ ဖုန်းအားသွင်းကြိုး (၁) ခု၊ ဖုန်းအားသွင်းသည့် Power bank (၁)ခု၊ ကျောက်လှည့် (၁) ချောင်းနှင့် ကျောက်ကြည့်ဓာတ်မီး (၁) လက်တို့အား တွေ့ရှိရသည်။


အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ ၎င်းကိုယ်ပိုင်ပစ္စည်းများဖြစ်ကြောင်း ခိုင်လုံစွာပြောပြနိုင်ခြင်း မရှိသဖြင့် ဗန်းမောက်မြို့၊ နောင်မဲလုံ ကျေးရွာနေ ဇော်မျိုးလှိုင်(ခ)ချဲချဲအား ဗန်းမောက်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါသည်။


လူအောင်(ကသာ)