ဗန်းမော်မြို့နယ်၊ တောင်ငူမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၆   ဒီဇင်ဘာ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာရှိ တံတားအနီးလမ်းမပေါ်တွင် ကျော်ဟိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၄၀ဝ၊ မြန်မာငွေကျပ် ၂၅,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့မွန်းလွဲ ၃ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ ကန်လမ်း၊ ဗိုလ်ချုပ်ရုပ်တုရှေ့ရှိ ကားဂိတ်တွင် မူးယစ်ဆေးဝါးများတင်ဆောင်ထားသည့် မော်တော်ဆိုင်ကယ် ၂ စီးကို လာရောက်ထုတ်ယူသူ ဇော်မျိုးနောင်လတ်အား တွေ့ရှိသဖြင့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄,၄၄၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ခရီးသည်တင်မော်တော် ယာဉ်ကိုရှာဖွေရာ ဦးထွန်းသိန်းအမည်ပါ အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၉,၉၆၂ ပြားနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)