ဗန်းမော်တက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဗန်းမော်  ၂၅  ဇန်နဝါရီ 


ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် မွန်းတည့် ၁၂ နာရီက ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်ရှိ အဆိုပါ တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပသည်။

 

123


ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းသို့ နေရာယူပြီး အကစားအဓိဌာန်ရွတ်ဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပထမရရှိကြသည့် အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများက ဒိုင်းဆုကို အားကစားကော်မတီထံသို့ ပြန်လည်အပ်နှံခဲ့သည်။

 

123

 


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဂျပ်တို့က အသီးသီးအမှာစကား ပြောကြား၍ အမျိုးသားဘောလုံးပွဲစဉ် အဖွင့်ပွဲအဖြစ် သင်္ချာမေဂျာအသင်းနှင့် မြန်မာစာ မေဂျာဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။


 အဆိုပါ ဘောလုံးပွဲစဉ်များကို ၂၀၁၉ နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)