Butter နဲ့ စံချိန်သစ်တင်နိုင်ခဲ့တဲ့ BTS

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့ တေးသီချင်းသစ် Butter ဟာ လတ်တလောမှာ စံချိန်သစ် ထပ်မံတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ BTS ဟာ တေးသီချင်းသစ်တွေနဲ့ စံချိန်သစ်တွေတင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ်လွှင့်ပေးခဲ့တဲ့ Butter ဟာလည်း အဖွဲ့အတွက် မှတ်တိုင် သစ်တွေကို ထပ်မံယူဆောင်ပေးနိုင်တဲ့အောင်မြင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Butter ကို မေ ၂၁ ရက်က စတင်ထုတ်လွှင့်ခဲ့ပြီး အဆိုပါ တေးသီချင်းဟာ စတင်ထုတ်လွှင့်ခဲ့တဲ့ ပထမသီတင်းပတ်အတွင်း အော်ရီဂွန်ရဲ့ မှတ်တမ်းတွေအရ အကြိမ်အများဆုံး ထုတ်လွှင့်ခဲ့ရတဲ့ တေးသီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဂျပန်တေးဂီတကုမ္ပဏီတစ်ခုဖြစ်တဲ့ အော်ရီဂွန်က မေ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ Butter ဟာ အော်ရီဂွန်ရဲ့  အပတ်စဉ်ရောင်းအားအကောင်းဆုံး ဒစ်ဂျစ်တယ် တေးသီချင်းစာရင်းမှာ နံပါတ်တစ်နေရာမှာ ရပ်တည်နေပြီး အကြိမ်အများဆုံး ထုတ်လွှင့်ခဲ့ရတဲ့  တေးသီချင်းစာရင်းကိုလည်း ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် အဆိုပါတေးသီချင်းဟာ အော်ရီဂွန်မှာ ထုတ်လွှင့်ခဲ့သမျှသော တေးသီချင်းတွေအနက် ပထမသီတင်းပတ်အတွင်း အကြိမ်အများဆုံး ထုတ်လွှင့် ခဲ့ရတဲ့ တေးသီချင်းအဖြစ်လည်း စံချိန်သစ်တင်ခဲ့ပါတယ်။

အေးပြည့်