စာပေဗိမာန်စာမူဆု လူငယ်စာပေဆုရစာအုပ် ဖြန့်ချိရောင်းချ

ရန်ကုန်  ၂၇ ဇွန်

ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုရ၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်မုန်းငြိမ်း၏ “အပျံသင်စနှင့် လူငယ်ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ယနေ့ခေတ်လူငယ်များ ပရဟိတစိတ်ထားနှင့် ရဲစွမ်းသတ္တိပြည့်ဝကြစေရန်၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားများ၏ ဆိုဆုံးမစကားကိုနာခံပြီး မေတ္တာစေတနာကို နားလည်တတ်စေရန်၊ မသန်စွမ်းလူငယ်လေး များကိုအထင်အမြင်မသေးဘဲစာနာနားလည်ပြီး သူငယ်ချင်း အချင်းချင်း အလွန်အကျွံ ကျီစားနောက်ပြောင်ခြင်းကို ရှောင်ကြဉ်တတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ရသစုံစုံလင်လင် ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၁၂၀၀ ဖြင့် အမှတ်၅၂၉-၅၃၁ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း- ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်မှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်း ဌာန ဖုန်း- ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်