စာဖတ်ခြင်းအားဖြင့် ဦးနှောက်အတွက် အာဟာရ၊ ဗဟုသုတ ကြွယ်ဝမှုကို ပေးနိုင်မှာဖြစ်တယ်

ရန်ကုန် ၁၇ မတ်

 

မြန်မာနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာကတည်းက ရဟန်း၊ လူပုဂ္ဂိုလ် စာပေအကျော်အမော်များ ရေးသားပြုစုခဲ့ကြ သော စာကောင်းပေမွန်များ၊  မြန်မာစာပေအနုပညာများ မပျောက်မပျက်လက်ဆင့်ကမ်း နိုင်ရေးနှင့် စာပေလိုက် စားသူ၊ စာပေမြတ်နိုးသူ တိုးပွားရေးအတွက် ၂၀ဝ၆ ခုနှစ်မှ စတင်ကာ တစိုက်မတ်မတ် ချီးမြှင့်ပေးခဲ့သော ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်း မြို့နယ် အမှတ် (၂)စည်ပင်လမ်းသစ်ရှိ ဘဏ်များအသင်းအဆောက်အအုံ၌ ထွန်းဖောင်ဒေးရှင်း စာပေဆု ၂၀၁၇ အတွက် ကျင်းပသည်။ 

 

ယနေ့  ၁၂ ကြိမ်မြောက်အထိ အောင်မြင်စွာချီးမြှင့်ပေးနိုင်ခဲ့သော ထွန်းဖောင်ဒေးရှင်း ၂၀၁၇ စာပေ ဆုချီးမြှင့်ပွဲတွင် ကဏ္ဍအသီးသီးမှ ဆုရရှိသော စာရေးဆရာကြီး/ဆရာ မကြီးများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

 

ထွန်းဖောင်ဒေးရှင်းစာပေဆုရှင်  မနှင်းဖွေး(ဒေါ်မြမြသန်း)က “ဒီဆုရတဲ့အတွက် အလွန်ပဲဝမ်းသာပါတယ်။ ၁၉၆၇ ခုနှစ်က တောင်ငွေ့ငွေ့ကြားဝယ်ဆိုတဲ့ ဝတ္တုရှည်နဲ့ အမျိုးသားစာပေဆုရခဲ့တယ်။ ၂၀၁၀ မှာတော့ အတ္တနောမတိ ဝတ္ထုရှည်နဲ့ ရွှေအမြုတေစာပေဆုရခဲ့ပါတယ်။ အခု ထွန်းဖောင်းရှင်စာပေဆုပေါ့။ အခုလို ချီးမြှင့်ပေးတာက စာရေးဆရာတွေဘက်ကကြည့်ရင် အကျိုး တွေ အ များကြီးရှိနိုင်ပါတယ်။ ခုချိန်မှာ အပျော်တမ်းစာပေတွေက အပြင်လူထုကြားမှာ အလွန်ရောင်းရတယ်။ တကယ်ပြည်သူအကျိုးပြုစာပေကြတော့ ရောင်းရတာအားနည်းတယ်။ အခုလိုစာပေဆု ချီးမြှင့်ပေးတဲ့အခါ ဘာသာရပ်အစုံပါတော့ စာရေတဲ့သူတွေလည်း အားရှိလာတာပေါ့။ 

 

ယနေ့ခေတ် အပြင်လောကမှာ လူတွေဟာ စာမဖတ်ကြတော့ဘူး၊ လူငယ်တွေ အထူးသဖြင့် ဖုန်းပဲပွတ် နေကြတယ်။ ကျွန်မတို့ငယ်တုန်းက တခြား Enter tainment မရှိဘူး။ ရေဒီယိုလောက်ပဲ ရှိသေးတယ်။ တီဗွီ၊ ကက်ဆက်တောင် မပေါ်သေးဘူး။ ပြောချင်တာက အရင်ခေတ်က စာဖတ်ကြတယ်။ 

 

ယနေ့ခေတ် လူငယ်တွေ စာဖတ်အားနည်းသွားကြတယ်။စာမဖတ်တော့ဘူး။ ရသစာပေတွေကို သိပ်မခံစားတတ်တော့ဘူး။ သတင်းခေတ်ဆိုပြီး သတင်းကိုပဲ စိတ်ဝင်စားနေကြတယ်။  တစ်ဖက်က ပြန်ကြည့်ရင်လည်း ရသစာပေကို စွဲစွဲမြဲမြဲဖတ်နေတဲ့ လူငယ်လေးတွေလည်းရှိပါတယ်။ တစ် ယောက်နဲ့ တစ်ယောက်အကြိုက်မတူတာလည်း ဖြစ်နိုင်ပါတယ်။  သား၊ သမီး မြေးမြစ်တွေကအစ ဝတ္ထုစာ အုပ်ဆိုရင် သိပ်မဖတ်ချင်ကြတော့ဘူး။ 

 

ပညာရေးတို့၊ အလုပ်အကိုင်တို့နဲ့ တခြားကိစ္စတွေကလည်း အချိန်လုနေရတာလည်းပါမယ်ထင်ပါ တယ်။  ဆိုလိုချင်တာက စာဖတ်ဖို့ အချိန်မပေးနိုင်သလိုဖြစ်နေတယ်။ တကယ် တော့ ပြည်သူတွေစာဖတ်စေချင်တယ်။  စာဖတ်ခြင်းအားဖြင့် ဦးနှောက်အတွက် အာဟာရ၊ ဗဟုသုတ ကြွယ်ဝ မှုကို ပေးနိုင်မှာဖြစ်တယ်” ဟု ပြောသည်။

 

MDN