စာရိတ္တမဏ္ဍိုင် ခိုင်မာအောင်အားထုတ်

“ကျွန်တော်တို့ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီ စနစ်တွေ၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းလှိုက်စားနေတဲ့ အဂတိ လိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်

 

၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် ကတိသစ္စာပြုပွဲတွင် ​ေြာ​ကြားခဲ့သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းမှ အထက်ပါကောက်နုတ်ချက်တွင် ကြိုးနီစနစ်၊ အဂတိလိုက်စားမှုနှင့် စာရိတ္တမဏ္ဍိုင်တို့၏ အဆက်အစပ်ကို ဖော်ညွှန်းလျက် ရှိသည်။ အဂတိလိုက်စားမှုများ လှိုက်စားနေသည့် လူ့အ ̧အစည်းသည် စာရိတ္တမဏ္ဍိုင် ယိုင်နဲ့ယိုယွင်းနေသည့် လှူအ ̧အစည်းပင်ဖြစ်သည့် အလျောက် အဂတိလိုက်စားမှုများကို သုတ်သင်ဖယ်ရှားရှင်းလင်းသွား နိုင်မှသာ မိမိတို့လူ့အ ̧အစည်း၏ စာရိတ္တမဏ္ဍိုင်ကို တည့်မတ်သွားနိုင်မှာ ဖြစ်သည်။

 

စာရိတ္တဟူသည် ကိုယ်ကျင့်တရားပင်ဖြစ်သည့်အလျောက် လူ့အဖွဲ့ အစည်းအတွင်းမှ လူတစ်ဦးချင်းစီတို့ ကိုယ်ကျင့်တရားကောင်းမွန် မြင့်မား လာမှသာ အဆိုပါ လူ့အဖွဲ့အစည်းသည်လည်း စာရိတ္တမဏ္ဍိုင် မြင့်မား ခိုင်မာသည့် လူ ့အဖွဲ့အစည်းဟူ၍ ဆိုနိုင်မည်ဖြစ်သည်။

 

စင်စစ်အားဖြင့် မိမိတို့၏ မြန်မာ့လူ့အဖွဲ့အစည်းမှာ သမိုင်းစဉ် တစ်လျှောက်လုံးတွင် စာရိတ္တမဏ္ဍိုင်မြင့်မားခဲ့သော၊ ခိုင်မာမြဲမြံခဲ့သော လူ့အဖွဲ့အစည်းဖြစ်သည်။ မကောင်းမှုဟူသမျှ ရှောင်ကြဉ်ရန်၊ ကောင်းမှု မှန်သမျှ ပြုလုပ်ကြရန်၊ စိတ်နှလုံးကို ဖြူစင်စွာထားရှိရန် ဘာသာရေး ကလည်း အဆုံးအမပြုထားသည်။ မတရားရယူပိုင်ဆိုင်လိုသည့် လောဘ၊ မေတ္တာတရားခေါင်းပါးကာ သူတစ်ပါး၏ အကျိုးမဲ့ကိုသာ လိုလားသည့် ဒေါသ၊ ဆင်ခြင်တုံတရားခေါင်းပါးသည့် မောဟတို့ကို ရှောင်ကြဉ်ကာ ဘဝဖြစ်တည်မှုအပေါ်တွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းဆင်ခြင်ပြီး နေ့စဉ်ဘဝများကို ရှင်သန်ဖြတ်သန်းကြခြင်း ဖြစ်သည့်အလျောက် လူ ့အဖွဲ့အစည်းအတွင်း အေးချမ်းငြိမ်သက်မှုများဖြင့် ငြိမ်းချမ်းခဲ့သည့်၊ သာယာဝပြောခဲ့သော ခေတ်ကာလများလည်း ရှိခဲ့သည်သာပင်။ သို့ရာတွင် ဆန္ဒ ́၊ ဒေါသ၊ ဘယာ၊ မောဟ တည်းဟူသော အလိုဆန္ဒ၊ အမျက်ဒေါသ၊ အကြောက်တရားနှင့် မသိခေါင်းပါးခြင်းအကြောင်းများကြောင့် မလိုက်စား သင့်သော အဂတိတရားတို့ကို လိုက်စားမှုများမှာ ခေတ်တိုင်း၊ ကာလတိုင်း တို့တွင် အနည်းနှင့်အများဆိုသလို ရှိခဲ့ကြောင်းကိုလည်း စာပေမှတ်တမ်း များအရ သိရှိရသည်။ မကောင်းမှုပြုရမည်ကိုလည်းကောင်း၊ မမှန်စကား ပြောရမည်ကိုလည်းကောင်း မရှက်မကြောက်တော့ဘဲ ဟီရိဩတ္တပ္ပတရား တို့ကို ပြတင်းပေါက်မှ လွှင့်ပစ်ကာ ဌာန၏ အောက်ဆုံးအဆင့်ဝန်ထမ်းမှသည် ဌာနအကြီးအမှူး အဆင့်အထိ တညီတညွတ်တည်း အဂတိလိုက်စား ဖောက်ပြားခဲ့ကြရာမှ မကောင်းမှုဟူသည် ကြာရှည်မတည်မြဲလေ့ရှိသည့် အတိုင်း နောင်တစ်ချိန်တွင် အထုပ်နှင့်အထည်နှင့် ပေါ်လာခဲ့သည့်အခါ သက်ဆိုင်သူတို့ ပြစ်ဒဏ်ခံကြရသည့်အပြင် ဌာနသည်လည်း သိက္ခာကျစရာ ဖြစ်ရသည့် သာဓကတို့လည်း ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။

 

ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသူ နိုင်ငံသားတို့၏ စာရိတ္တမဏ္ဍိုင် ခိုင်မာရေးဆီ ဦးတည်လျက်ရှိနေပြီဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများသည် အစိုးရဝန်ထမ်းများ ဖြစ်သကဲ့သို့ ပြည်သူ့ဝန်ထမ်းများလည်း ဖြစ်ကြသည်။ ဝန်ထမ်းတိုင်းသည် ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်òန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိသလို ဝန်ထမ်းကျင့်ဝတ် များကိုလည်း စောင့်ထိန်းကြရမည်ဖြစ်သည်။ ဝန်ထမ်းကျင့်ဝတ် (၁၅)ချက်တွင်ပါရှိသည့် ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ရမည်။ တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာနှင့် ရိုးသား ဖြောင့်မတ်စွာ ထမ်းဆောင်ရမည်။ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင် ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း တို့ကို ရှောင်ကြဉ်ရမည်။ တရားသဖြင့် ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရမည်ဟူသော အချက်များကို အလေးအနက်ထား စောင့်ထိန်းခြင်းအားဖြင့် ပြည်သူ့ ဝန်ထမ်းကောင်းပီသစွာ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် စွမ်းဆောင်နိုင်ကြ ပါစေကြောင်း။ မြန်မာ့အလင်း