စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ထီးလင်း  ၃၀   ဇွန်       

           

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ သက်ဆိုင်ရာက ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုပြီဖြစ်သဖြင့် သတ်မှတ် စည်းကမ်းချက် များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ယမန်နေ့ ညနေပိုင်းက  တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

           

 

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသူရအောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် စည်ပင်ဝန်ထမ်းများ၊ မိခင်ကလေးကျန်းမာရေးဌာနမှ သူနာပြု ဆရာမများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်းနှင့် ထီးလင်းမြို့ပေါ်တွင် စားသောက်ဆိုင် ၁၀ ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၃ ဆိုင်ရှိကြောင်း သိရသည်။

 

 

အောင်စည်(ပြန်/ဆက်)

 

2429