စာသင်ကျောင်း ဝရမ်တာပြိုကျ၍ ကျောင်းသူ ၁၈ ဦး ဒဏ်ရာရ

သထုံ ၈ နိုဝင်ဘာ

 

သထုံမြို့နယ် မရမ်းကုန်းကျေးရွာ၌ ယနေ့ နေ့လယ် ၁ နာရီခန့်က အ.ထ.က(မရမ်းကုန်း) ကျောင်း၏ ဝရမ်တာပြိုကျမူကြောင့် ကျောင်းသူ ၁၈ ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရသည် ။ဖြစ်စဉ်မှာ ကျောင်းသား/ သူများက ဆရာ/ဆရာမများအား ကန်တော့ရန်အတွက် ကျောင်း၏ ပွင့်ဦးရတနာ အဆောင်တွင် စုဝေးစောင့်ဆိုင်းနေစဉ် ဝရမ်တာကြမ်းခင်း ရုတ်တရက် ပြိုကျသွားသဖြင့် ကျောင်းသူ ၁၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ လူမှုကယ်ဆယ်ရေးယာဉ်များဖြင့် ပို့ဆောင် ကုသပေးခဲ့သည်။

 

ဒဏ်ရာရ ကျောင်းသူများအား သထုံခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ သင်းသင်းအိ ဒုခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွန်းဇော် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတေဇာကြည် သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေေကြာင်းသိရသည်။

 

ခွန်(ဝင်းပ)၊ (နန္ဒကျော်စွာ)