စားသုံးမှို မွေးမြူစိုက်ပျိုး ထုတ်လုပ်ခြင်း နှင့် GAP အသိပညာပေးသင်တန်း ပထမအကြိမ် ဖွင့်လှစ်မည်

ရန်ကုန်၊  ၁၈  ဒီဇင်ဘာ

 

စားသုံးမှို မွေးမြူစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် GAP အသိပညာပေးသင်တန်း (Online Training) အား ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)ထံမှ သိရသည်။

 

အဆိုပါ သင်တန်းကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) နှင့် စားသုံးမှို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့တို့ ပူးပေါင်း၍ သုံးရက်တိုင်တိုင် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂  နာရီအထိ Zoom Platform မှ တစ်ဆင့်ကျင်းပသွားမည် ဖြစ်သည်။

 

အဆိုပါ စားသုံးမှို မွေးမြူစိုက်ပျိုးထုတ်လုပ်ခြင်း နှင့် GAP အသိပညာပေး သင်တန်းတွင် စားသုံးမှို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား မှိုအကြောင်း သိကောင်းစရာ နှင့် မိခင်မှိုမျိုးသန့် မွေးမြူခြင်း၊  သီးနှံမှိုမျိုး‌စေ့ပြုလုပ်နည်း၊ ငွေနှင်းမှို စိုက်ပျိုးခြင်း ပေါင်းတင်သန့်စင်ခြင်း နှင့် မျိုးသွင်းခြင်း၊ ကောက်ရိုးမှို Outdoor စိုက်ပျိုးထုတ်လုပ်နည်း (၁)၊ ကောက်ရိုးမှို Indoor စနစ်စိုက်ပျိုးထုတ်လုပ်နည်း (၂)၊ GAP အကြောင်းသိကောင်းစရာ နှင့် လိုက်နာ‌ဆာင်ရွက်ရမည့် နည်းလမ်းများ၊ GAP စနစ်တွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ စသည်ဖြင့် ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော စားသုံးမှိုများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် နည်းပညာ မျှဝေပေးခြင်းဆိုင်ရာ လုပ်ငန်းများ သင်ပြသွားမည် ဖြစ်သည်။

 

တက်ရောက်လိုသူများအနေဖြင့် မိမိတို့၏ အမည်၊ ရာထူး၊ လုပ်ငန်း (သို့) အဖွဲ့အစည်းအမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် တို့အား MRCCI အသင်းရုံး၊ 024069326/ 024069311/ 09767333710 သို့ ဆက်သွယ်‌ပေးပို့ကာ တိုက်ရိုက်ဖြည့်စွက်၍ လည်းကောင်း စာရင်းပေးသွင်းနိုင်ပြီး သင်တန်းသား (၃၅) ဦးသာ လက်ခံသင်ကြားသွားမည်ဖြစ်သည်။

 

ငြိမ်းငြိမ်း