စာတွေဖတ်ထားမှ ဗဟုသု တစုံလင်ပြီး လုပ်ငန်းခွင် တိုင်းမှာ အစစအရာရာအဆင်ပြေနိုင်တယ်

ရန်ကုန် ၁၇ မတ်

မြန်မာနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာကတည်းက ရဟန်း၊ လူပုဂ္ဂိုလ် စာပေအကျော်အမော်များ ရေးသားပြုစုခဲ့ကြ သော စာကောင်းပေမွန်များ၊  မြန်မာစာပေအနုပညာများ မပျောက်မပျက်လက်ဆင့်ကမ်း နိုင်ရေးနှင့် စာပေလိုက် စားသူ၊ စာပေမြတ်နိုးသူ တိုးပွားရေးအတွက် ၂၀ဝ၆ ခုနှစ်မှ စတင်ကာ တစိုက်မတ်မတ် ချီးမြှင့်ပေးခဲ့သော ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်း မြို့နယ် အမှတ် (၂)စည်ပင်လမ်းသစ်ရှိ ဘဏ်များအသင်းအဆောက်အအုံ၌ ထွန်းဖောင်ဒေးရှင်း စာပေဆု ၂၀၁၇ အတွက် ကျင်းပသည်။ 

ယနေ့  ၁၂ ကြိမ်မြောက်အထိ အောင်မြင်စွာချီးမြှင့်ပေးနိုင်ခဲ့သော ထွန်းဖောင်ဒေးရှင်း ၂၀၁၇ စာပေ ဆုချီးမြှင့်ပွဲတွင် ကဏ္ဍအသီးသီးမှ ဆုရရှိသော စာရေးဆရာကြီး/ဆရာ မကြီးများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရ ဘိုးလှိုင်(ဒေါက်တာတင်လှိုင်)က “တစ်သက်တာစာပေဆုဆိုတာ တစ်သက်တာလုံး လူလားမြောက် အရွယ်ရောက်တဲ့ ချိန်ကစပြီး တော့ အနှစ် ၆၀ လောက်စာပေတွေကို ဖတ်ရှုရေးသား ကြိုးစားလုပ်လာတာကို  အခုလိုအသိအမှတ်ပြုပေးလို့ ကျေနပ်ပီတိဖြစ်မိပါတယ်။  ဆရာရေးတဲ့စာတွေက အမျိုးစုံတယ်၊ တကယ်မူရင်းရေးတာက သိပ္ပံဘသာရပ်ပါ။  တက္ကသိုလ်မှာ ရူပဗေဒဆရာအဖြစ်လည်း နှစ်ပေါင်း ၃၀ ကျော် လုပ်ခဲ့တယ်။ ရန်ကုန်နည်း ပညာတက္ကသိုလ်မှာလည်း ငါးနှစ်လောက်လုပ်ခဲ့။ အဓိက သိပ္ပံစာပေတွေလုပ်ဖြစ်ခဲ့တယ်။ လူသိ နည်းတဲ့စာပေ တွေပေါ့။ နောက်ပိုင်းတော့ သုတ၊ ရသဘက်တွေပါ ပါလာတော့ စုံသွားတာပေါ့။ ခုဆိုရင် ဆရာက  အမျိုးသား စာပေဆုနှစ်ကြိမ်၊ သုတစွယ်စုံ၊ ထွန်းဖောင်ဒေးရှင်းနဲ့ဆို  ၆ ကြိမ်ရှိပါပြီ။ ယနေ့ခေတ် စာပေနဲ့ပတ်သက်လို့  အဓိကပြောချင်တာက စာများများ ဖတ်စေချင်တယ်။ စာတွေဖတ်ထားမှ ဗဟုသု တစုံလင်ပြီး လုပ်ငန်းခွင် တိုင်းမှာ အစစအရာအဆင်ပြေနိုင်တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေ ယနေ့ကာလမှာ ပိုပြီးတော့ ဖတ်စေ ချင်တယ်”ဟု ပြောသည်။

MDN