စစ်ကိုင်းမြို့ရှိ ရှေးဟောင်းမဟာသိမ်တော်ကြီး ပြုပြင်မှုများ စတင်ဆောင်ရွက်နေ

စစ်ကိုင်း  ၂၅  ဇွန်

 

စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်အတွင်း သမိုင်းဝင် ဝေဠုဝန် ငါးထပ်ကြီးဘုရားအနီး မဟာသိမ်တော်ကြီး ကျောင်းတိုက်ရှိ နံရံဆေးရေး ပန်းချီလက်ရာ များစွာရှိသော ရှေးဟောင်းမဟာသိမ်တော်ကြီးကို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် ရေကာတာနှင့် အမိုးတည်ဆောက်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဇွန် ၂၀ ရက်မှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

 

အဆိုပါ မဟာသိမ်တော်ကြီး အဆောက်အအုံမှာ နှစ်ပေါင်း ၄၀ဝ ခန့် သက်တမ်းရှိပြီဟု ပညာရှင်များက ခန့်မှန်းထားကြပြီး သိမ်တော်အတွင်းရှိ ထိုင်း-မြန်မာ နံရံဆေးရေး ပန်းချီများမှာ သက်တမ်းအားဖြင့် နှစ် ၂၀ဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ သိမ်တော်ကြီး အတွင်းနှင့် အပြင်ရှိ ထိုင်း-မြန်မာ နံရံဆေးရေးပန်းချီ များကို ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးနှင့် ထိုင်းအနုပညာ ရှင်များအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်း ယဉ်ကျေးမှုဌာနခွဲမှ တာဝန်ခံ ဒေါ်မိုးမိုးသိန်းနှင့်အတူ ဇွန် ၂၃ ရက်က မဟာသိမ်တော်ကြီးသို့ လာရောက်၍ လေ့လာကြည့်ရှုခဲ့ကြသည်။

 

ခိုင်ဇေယျ