စစ်ကိုင်းမြို့တွင် ရတနာပုံတံတားအောက် ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသူ လူငယ်နှစ်ဦး ရေနစ်မှုဖြစ်ပွား

စစ်ကိုင်း   ၁၁   ဇွန်

 

စစ်ကိုင်းမြို့ တကောင်းရပ် ရတနာပုံတံတားအောက် ဧရာဝတီမြစ်အတွင်း ယနေ့နံနက်ပိုင်းက လူငယ်နှစ်ဦး ရေဆင်းချိုးရာ ရေနစ်မှုဖြစ်ပွားခဲ့ပြီး ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့(SERT)စစ်ကိုင်း တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေနစ်သူနှစ်ဦးအနက် တစ်ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လူငယ်တစ်ဦးကို ဆက်လက်ရှာဖွေမှု များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

"အဲဒီကလေးနှစ်ယောက် ရတနာပုံတံတားအောက် ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးနေကြတာ ရေပြိုင်ကူးကြတာလားမသိဘူး၊ တစ်ယောက်ကိုတော့ ကယ်တင်နိုင်လိုက်တယ်၊ ကျန်တစ်ယောက်က တော့ ဝါးဖောင်အနီးမှာပျောက်သွားတယ် ကလေးနှစ်ယောက်က ရွှေမင်းဝံရပ်ကွက်ကလို့ သိရတယ်၊ ပျောက်ဆုံးနေတဲ့ကလေးကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေငုပ်ရှာဖွေနေပါတယ်" ဟု အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့(SERT) စစ်ကိုင်းမှ ကိုပိုင်ဖြိုးသုက ပြောပြ၍သိရသည်။

 

ရေနစ်သူများမှာ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် (၁၉)လမ်းတွင်နေထိုင်ကြသူများဖြစ်ပြီး ထက်ဝေယံလင်း အသက်(၁၆)နှစ်နဲ့ ဟိန်းပြည့်လျှံ တို့နှစ်ဦးဖြစ်ပြီး ထက်ဝေလျှံလင်းဆိုသူကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး ပျောက်ဆုံးလူငယ်အား ကယ်ဆယ်ရေး အဖွဲ့များမှ ဆက်လက်ရှာဖွေလျက်ရှိကြောင်း အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ သိရသည်။

 

ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)