စစ်ကိုင်းတိုင်းအတွင်း ပညာရေးကဏ္ဍအတွက် ကျပ်သန်း ၁၃၀ဝဝ ကျော်အသုံးပြုထား

မန္တလေး  ၁၉ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေးကဏ္ဍ အတွက် ငွေကျပ် သန်း ၁၃၀ဝဝ ကျော် အသုံးပြု ဆောင်ရွက်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေမှ ကျပ် ၁၃,၅၆၇ ဒသမ ၁ သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

"ပညာရေးကဏ္ဍမှာ ပြည်ထောင်စု ရန်ပုံငွေနဲ့ ရုံးခန်း ၁၆ ခု၊ အထက ၆၇ ကျောင်း၊ အလက ၁၃၄ ကျောင်း၊ အမက ၁၁၂ ကျောင်း စုစုပေါင်း ၃၂၉ ကျောင်း တည်ဆောက်ပြုပြင်နိုင်ခဲ့ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြောသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အထက ကျောင်း ၄၅ ကျောင်း၊ အထကခွဲ ၂၂ ကျောင်း၊ အလက ၂၄၆ ကျောင်း၊ အလကခွဲ ၁၀၈ ကျောင်း၊ မူလွန် ၁၉၂ ကျောင်း၊ အမက ၉၉ ကျောင်း၊ အမကခွဲ ၄၇ ကျောင်း တို့ကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ဆရာနှင့် ကျောင်းသာအချိုးမှာ အထက်တန်းအဆင့်တွင် ၁:၂၆၊ အလယ်တန်း အဆင့်တွင် ၁:၁၉၊ မူလတန်းအဆင့်တွင် ၁:၁၉ ဦးရှိကြောင်း သိရသည်။

အိမို့မို့ခိုင်