စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လှည့်လည်ကြည့်ရှု

မုံရွာ ၃၀ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019  (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နံနက် ၁၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

ရှေးဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ မြို့တော်ခန်းမတွင် အလှူခံဌာနဖွင့်လှစ်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးပြီး  စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းဒေသ ရွှေလုပ်ငန်းရှင်  (၁၃)ဦးတို့မှ ဒုတိယအကြိမ် အလှူငွေကျပ်(၂၇)သိန်း လှူဒါန်းမှုအားလည်းကောင်း၊ သလ္လာရွှေရည် ရေနံချက်လုပ်ဖြန့်ဖြူးရောင်းဝယ်ရေး သမဝါယမအသင်းမှ လှူဒါန်းသော အလှူငွေကျပ်(၇၀)သိန်းတို့အား လည်းကောင်း အသီးသီး လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးအတွင်း နှာခေါင်းစည်းများ လုံလောက်စွာရရှိရေးအတွက် NanLu Garment & Distribution မှ အလှူရှင်၏ နားခေါင်းစည်းများ ထုတ်လုပ်လှူဒါန်းနေမှုတို့အားလည်းကောင်း၊ မုံရွာမြို့ ဆေးရုံကြီးလမ်း အထက(၂)နံဘေးရှိ လူငယ်စင်တာတွင် ဖျားနားလူနာများအား ဆေးကုသမှုဆေးခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ မုံရွာမြို့ ကန်သာယာပတ်လည်ရှိ ယာယီပျံကျဆေးဖွင့်လှစ်ထားရှိမှုအခြေအနေတို့အား လည်းကောင်း လှည့်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)