စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုများချီးမြှင့်ပွဲ ကျင်းပ

ကန့်ဘလူ ၂၂ မေ 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၅ နာရီက မြို့မအားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

0117

 

အခမ်းအနားတွင် အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ ဆုရအသင်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်နှင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်သီသီဦး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

00120

 

အဆိုပါ ပြိုင်ပွဲကို မေ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်တို့မှ အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ နှစ်ယောက်တွဲတွင် ရှစ်သင်း၊ သုံးယောက်တွဲတွင် ခြောက်သင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)