စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၈ ဇူလိုင် 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် ဖြင့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိသည်။

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်ဖွဲ့ဝင်များနှင့် နယ်မြေတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် မြောင်းဇင်းရွာအနီး၌ တရားမဝင် သစ် ၈ ဒသမ ၇၉ တန်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် မသုတ်ရွာအနီး၌ တရားမဝင်ကျွန်းခွဲသား ၄ ဒသမ ၇၈၉၈ တန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၂၁၉/၂)နှင့် (၂၁၉/၃)အကြား၌ မော်တော်ယာဉ်တစ်စီး ပေါ်မှ တရားမဝင် တမလန်းသစ်ခွဲသား ၁ ဒသမ ၁၃၃၂ တန်ကို ဖမ်းဆီးရမိပြီး ဆက်စပ် ပတ်သက်သော ပြစ်မှုကျူးလွန်သူများကို စုံစမ်းရှာဖွေ၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။


 
မောင်မျိုး